အမျိုးသားကုန်သွယ်မှုဆိုင်ရာနည်းပညာအတားအဆီးစုံစမ်းရေးဌာန

ကုန်သွယ်မှုတွင် နည်းပညာဆိုင်ရာအတားအဆီးသဘောတူညီချက်သည် အဖွဲ့ဝင်နိုင်ငံများသည် စံချိန်စံညွှန်းများ၊ နည်းပညာဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင်‌့ အရည်အသွေးကိုက်ညီမှုဆိုင်ရာအစီအစဉ်များ နှင်‌့ဆက်နွယ်သော ထုတ်ပြန်မှုများအား ဖြစ်နိုင်‌ြေခအရှိဆုံး ထင်သာမြင်သာရှိစေရန်အတွက် လိုအပ်ပါသည်။ အဖွဲ့ဝင်နိုင်ငံများသည် ကြိုတင်ပြင်ဆင်နေသော သို့မဟုတ် အတည်ပြုချမှတ်မည့် လုပ်ငန်းစဥ်တွင် ရှိနေသော စံချိန်စံညွှန်းများနှင်‌့ နည်းပညာဆိုင်ရာလုပ်ထုံးလုပ်နည်းများအကြောင်းကို ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ကြီး၏ အတွင်းရေးမှူးချုပ်ရုံးသို့ အသိပေးအကြောင်းကြားရန် လိုအပ်ပါသည်။ ထိုကြောင့် အဆိုပါနယ်ပယ်တွင် ထုတ်လုပ်သူများ၊ တင်သွင်းသူများနှင်‌့ တင်ပို့သူများသည် ၎င်းတို့၏ရည်မှန်းစျေးကွက် ကို ရရှိနိုင်စေရန်အတွက် စံချိန်စံညွှန်းများ၊ နည်းပညာဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင်‌့ အရည်အသွေး ကိုက်ညီမှု အစီအစဉ်များဆိုင်ရာနောက်ဆုံးသတင်းအချက်အလက်များကို ရရှိစေရန်အတွက် အမျိုးသား စံချိန်စံညွှန်းနှင်‌့အရည်အသွေးဌာနအား ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး၏ ကုန်သွယ်မှုတွင် နည်းပညာဆိုင်ရာ အတားအဆီးစုံစမ်းရေးဌာန အဖြစ် သတ်မှတ်တာဝန်ပေးအပ်ထားပါသည်။

အမျိုးသားစုံစမ်းရေးဌာန လုပ်ငန်းတာဝန်များ

– နိုင်ငံတကာကုန်သွယ်မှုအား အကျိုးသက်ရောက်စေမည့် မြန်မာစံချိန်စံညွှန်းများ၊ နည်းပညာဆိုင်ရာ လုပ်ထုံးလုပ်နည်းများ နှင်‌့ အရည်အသွေးကိုက်ညီမှုဆိုင်ရာအစီအစဉ်များအား ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ကြီး ၏ အတွင်းရေးမှူးချုပ်ရုံးသို့ အသိပေးအကြောင်းကြားရန်၊

– အခြားကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံများမှ စုံစမ်းလာသည့် ကုန်သွယ်မှုတွင် နည်းပညာဆိုင်ရာ အတားအဆီးသဘောတူညီချက်နှင်‌့သက်ဆိုင်သည့် စံချိန်စံညွှန်းများ၊ နည်းပညာဆိုင်ရာ လုပ်ထုံးလုပ်နည်းများ နှင်‌့ အရည်အသွေးကိုက်ညီမှုဆိုင်ရာအစီအစဉ်များကို စီမံခန့်ခွဲရန်၊

– ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး၏ အတွင်းရေးမှူးချုပ်ရုံးမှ အသိပေးအကြောင်းကြားထားသည့် အခြား ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံများမှအတည်ပြုချမှတ်မည့် သို့မဟုတ် အဆိုပြုထားသည့်နည်းပညာ ဆိုင်ရာလုပ်ထုံးလုပ်နည်းများ၊ အရည်အသွေးကိုက်ညီမှုဆိုင်ရာအစီအစဉ်များ နှင်‌့ပတ်သက်သည်‌့ အချက်အလက်များကို Download ရယူထားရန်၊

–  မြန်မာနိုင်ငံအတွင်းရှိ စိတ်ပါဝင်စားသော အဖွဲ့အစည်းများအတွက် သတင်းအချက်အလက်များကို အခြားတိုင်းပြည်များ၏ စုံစမ်းရေးဌာနများမှ တောင်းခံပေးရန်၊

–   မြန်မာနိုင်ငံမှ အသိပေးအကြာင်းကြားချက်များနှင်‌့ ဆက်နွယ်သည့် အချက်အလက်များ၏ မိတ္တူများ ကို အခြားတိုင်းပြည်များ၏ စုံစမ်းရေးဌာန များသို့ တောင်းခံလာမှုအရ ထောက်ပံ့ပေးရန်၊

အမျိုးသားစုံစမ်းရေးဌာန ၏ အကျိုးကျေးဇူးများ

စီးပွားရေးအသိုက်အဝန်းများသည် အမျိုးသားစုံစမ်းရေးဌာန မှ အောက်ပါအကျိုးကျေးဇူးများကို ရရှိလိမ့် မည်ဖြစ်ပါသည်-

– စံချိန်စံညွှန်းများ၊ နည်းပညာဆိုင်ရာ လုပ်ထုံးလုပ်နည်းများ နှင်‌့ အရည်အသွေးကိုက်ညီမှုဆိုင်ရာ အစီအစဉ်များကို သတ်မှတ်၍ ထုတ်ကုန်များသည် ရည်မှန်းစျေးကွက်ရရှိနိုင်ခြင်း၊

–   ပြည်တွင်းစျေးကွက်များတွင် ယှဥ်ပြိုင်နိုင်မှုမြှင့်တင်ပေးခြင်း၊

– ကုန်သွယ်မှုကိုအကျိုးသက်ရောက်စေမည့်နည်းပညာဆိုင်ရာလုပ်ထုံးလုပ်နည်းများအား သဘောထား မှတ်ချက်ပေးနိုင်သည့် အခွင့်အရေးပေးခြင်၊

–  အခြားကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံများမှ နည်းပညာဆိုင်ရာလိုအပ်ချက်များနှင့်ပတ်သက်သည့် သတင်းများကို ပြည်တွင်းတင်ပို့သူများ၊ တင်သွင်းသူများကို ထောက်ပံံပေးခြင်းဖြင့် ကုန်သွယ်မှု လွယ်ကူချောမွေ့စေရန် မြှင့်တင်ပေးနိုင်ခြင်း၊

အမျိုးသားစုံစမ်းရေးဌာန ရှိ သတင်းအချက်အလက်အရင်းအမြစ်များ

မြန်မာအမျိုးသားစုံစမ်းရေးဌာနသည် အပြည်ပြည်ဆိုင်ရာစံချိန်စံညွှန်းအဖွဲ့များဖြစ်သော အပြည်ပြည် ဆိုင်ရာစံချိန်စံညွှန်းအဖွဲ့ကြီး (International Organization for Standardization- ISO)၊ အပြည်ပြည် ဆိုင်ရာလျှပ်စစ်နည်းပညာကော်မရှင် (International Electro technical Commission- IEC)၊ အစားအသောက်နှင်‌့စိုက်ပျိုးရေးအဖွဲ့ကြီး (Food and Agriculture Organization -FAO) နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (World Health Organization – WHO)၊ အပြည်ပြည်ဆိုင်ရာဥပဒေအရ တိကျစွာတိုင်းတာမှုအဖွဲ့ကြီး (International Organization of Legal Metrology – OIML)၊ အမေရိကန်စမ်းသပ်ခြင်းနှင်‌့ပစ္စည်းများဆိုင်ရာအပြည်ပြည်ဆိုင်ရာအဖွဲ့ကြီး (American Society for Testing and Materials – ASTM) နှင်‌့ အာဆီယံစံချိန်စံညွှန်းနှင့်အရည်အသွေးဆိုင်ရာအတိုင်ပင်ခံ ကော်မတီ (ASEAN Consultative Committee for Standards and Quality- ACCSQ)တို့မှ ထုတ်ဝေသည့်စံချိန်စံညွှန်းများ၊ နည်းပညာဆိုင်ရာလုပ်ထုံးလုပ်နည်းများ နှင်‌့ ဥပဒေများကို စုစည်း၍ ထိန်းသိမ်းထားရှိပါသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး၏ စုံစမ်းရေးဌာန

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး၏ စုံစမ်းရေးဌာန – ကုန်သွယ်မှုတွင်နည်းပညာဆိုင်ရာအတားအဆီး သဘောတူညီချက်အရ သတင်းအချက်အလက်ဖလှယ်ရန်၊ စံချိန်စံညွှန်းများဖွံ့ဖြိုးတိုးတက်ရေးဌာန၊ အမျိုးသားစံချိန်စံညွှန်းနှင်‌့အရည်အသွေးဌာနသည် အမျိုးသားစုံစမ်းရေးဌာနအား တည်ထောင်ရန် နှင်‌့ ဆောင်ရွက်ရန် တာဝန်ရှိပါသည်။

မြန်မာနိုင်ငံ၏ အမျိုးသားစုံစမ်းရေးဌာန အနေဖြင့် စံချိန်စံညွှန်းများဖွံ့ဖြိုးတိုးတက်ရေးဌာနသည် ကုန်သွယ်မှုနှင့်ဆက်စပ်သော ဝန်ကြီးဌာနများနှင်‌့ပူးပေါင်း၍ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး၏ ကုန်သွယ်မှုတွင် နည်းပညာဆိုင်ရာအတားအဆီးသဘောတူညီချက်ပါ လိုအပ်ချက်များနှင်‌့ကိုက်ညီစေရန်အတွက် စံချိန်စံညွှန်း များ၊ နည်းပညာဆိုင်ရာလုပ်ထုံးလုပ်နည်းများ နှင်‌့ အရည်အသွေးကိုက်ညီမှုဆိုင်ရာ အစီအစဉ်များကို အသုံးပြုခြင်းကို မြှင်‌့တင်ပေးလျှက်ရှိပါသည်။

စုံစမ်းရေးဌာန ၏ ရည်ရွယ်ချက်

စံချိန်စံညွှန်းများဖွံ့ဖြိုးတိုးတက်ရေးဌာနသည် သတင်းအချက်အလက်များ အား ဖလှယ်သည့်အစီအစဉ်များနှင်‌့ လိုက်နာကျင့်သုံးရန် ချမှတ်မည့် နည်းဥပဒေများနှင်‌့ တိုင်းတာမှုများသည် နိုင်ငံတကာကုန်သွယ်မှုတွင် အဟန့်အတားဖြစ်စေမည့်ဆိုပါက ၎င်းတို့နှင်‌့ဆက်နွယ်သည့် သတင်း အချက်အလက်များကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး၏ သဘောတူညီချက်များအရ ဖြန့်ဝေပေးရန် ဖြည့်ဆည်း ဆောင်ရွက်လျှက်ရှိခြင်း နှင်‌့ အောက်ပါလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ခြင်းတို့အား အမျိုးသား စုံစမ်းရေးဌာန ၏ တာဝန်အနေဖြင့် ဆောင်ရွက်လျှက်ရှိပါသည်-

လိုအပ်သည့် နိုင်ငံတကာကုန်သွယ်မှုတွင် အတားအဆီးဖြစ်နိုင်ခြေအား ဖန်တီးမည့် လိုက်နာကျင့်သုံးရမည့်

– အခြားအဖွဲ့ဝင်နိုင်ငံများနှင်‌့ စိတ်ပါဝင်စားထားသော အဖွဲ့များမှ စုံစမ်းမှုများကို ဖြေကြားပေးခြင်း၊

– နိုင်ငံတကာကုန်သွယ်မှုကို သိသာထင်ရှားစွာအကျိုးသက်ရောက်စေမည့် အဆိုပြုအခြား တိုင်းတာမှု များနှင်‌့ အဆိုပြုမြန်မာနိုင်ငံ၏ နည်းဥပဒေများ၊ အရည်အသွေးကိုက်ညီမှုအစီအစဉ်များအား ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ကြီး ၏ အတွင်းရေးမှူးချုပ်ရုံးသို့ အသိပေးအကြောင်းကြားခြင်း၊

– သဘောထားမှတ်ချက်ပေးခြင်းဆိုင်ရာလုပ်ငန်းစဉ်များနှင်‌့ဆက်စပ်၍သတင်းအချက်အလက်ပေးခြင်း၊

– အသိပေးအကြောင်းကြားထားသည့် နည်းပညာဆိုင်ရာလုပ်ထုံးလုပ်နည်းများ၊ စံချိန်စံညွှန်းများ၏ (မူကြမ်း) များနှင်‌့ ဆက်နွယ်သည့် အချက်အလက်များကို ထောက်ပံ့ပေးခြင်း၊

သတင်းအချက်အလက်များကို ပိုမိုတိကျစွာရယူလိုပါက

အမျိုးသားစံချိန်စံညွှန်းနှင်‌့အရည်အသွေးဌာန

အမျိုးသားစုံစမ်းရေးဌာန

အမှတ် (၆)၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အီးမေးလ်   – [email protected]
ဖုန်း           – ၀၉၅-၁-၆၆၄၈၁၇
ဖက်(စ်)      – ၀၉၅- ၁- ၆၆၈၀၃၃

စုံစမ်းသည့်နည်းလမ်း – စုံစမ်းမှုများအား မြန်မာစံချိန်စံညွှန်း ဝက်ဘ်(ဆိုဒ်) www.myanmarstandards. org.mm တွင် (Download) ဒေါင်းလုပ်ပြုလုပ်ခြင်း သို့မဟုတ် ဖက်(စ်)၀၉၅-၁-၆၆၈၀၃၃ နှင်‌့ စုံစမ်းရေး ဌာနသို့ ဖက် (စ်) သို့မဟုတ် အီးမေးလ် ပေးပို့ခြင်းဖြင့် ရယူနိုင်ပါသည်။

စုံစမ်းမှုပြီးစီးရန်သတ်မှတ်ထားသောအချိန်– စုံစမ်းရေးဌာနသည် စုံစမ်းသည့် လျောက်လွှာများ ရရှိပြီးနောက် ရက်ပေါင်း (၃၀) အတွင်း အဖြေများကို ပြန်လည်ဖြေကြားပေးမည်ဖြစ်ပါသည်။ (စာအိတ်တွင်ဖော်ပြ ထားသည့် လက်ခံရရှိသည့် နေ့စွဲ နှင်‌့ ဖက် (စ်) လက်ခံရရှိသည့်အချိန်အရ) အထူးအခြေအနေတွင် အဖြေများအား လုပ်ငန်းကြန့်ကြာမှုအရ (၄၅) ရက်အတွင်း ‌ြေဖကြားပေးမည်ဖြစ်ပါသည်။

© Copyright by Myanmar Standard. All right Standard. Designed by World Wide Myanmar