တိကျစွာတိုင်းတာခြင်းနည်းပညာသိပ္ပံ (မြန်မာ) ရှိ စံဖြင့်တိုက်ကြည့်စစ်ဆေးခြင်း တိုင်းတာခန်းများကို အပြည်ပြည်ဆိုင်ရာစံချိန်စံညွှန်းများနှင့်အညီဖြစ်စေရေးဆောင်ရွက်လျက် ရှိပါသည်။
အပူချိန်ဆိုင်ရာစံဖြင့်တိုက်ကြည့်စစ်ဆေးခြင်းတိုင်းတာခန်းနှင့် ထုထည်ဆိုင်ရာစံဖြင့် တိုက်ကြည့်စစ်ဆေးခြင်းတိုင်းတာခန်းများကို ISO 17025 အသိအမှတ်ပြုတိုင်းတာခန်းများ အဖြစ်အဆင့်မြှင့်တင်နိုင်ရေးအတွက် PTB အဖွဲ့အစည်းမှ ကျွမ်းကျင်ပညာရှင် Mr. Roland W. Nater သည် (၁၆.၉.၂၀၁၉) ရက်နေ့မှ (၂၀.၉.၂၀၁၉) ရက်နေ့ထိ အကြိုပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်ရန် လာရောက်ခဲ့ပါသည်။
အဆိုပါခရီးစဉ်အတွင်း သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းခိုင်မိုး နှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာစံဖြင့်တိုက်ကြည့်စစ်ဆေးခြင်းတိုင်းတာခန်းများမှ တာဝန်ရှိသူများအားတွေ့ဆုံ၍ ISO 17025 အသိအမှတ်ပြုတိုင်းတာခန်းများဖြစ်ပေါ်လာရေး အတွက် ကြိုတင်ပြင်ဆင်ရမည့် လိုအပ်သောလုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးဆောင်ရွက် ခဲ့ပါသည်။
