The Expression of Uncertainty in Measurement and Decision Rule သင်တန်းကို (၂၇.၁.၂၀၂၀) ရက်နေ့မှ (၃၁.၁.၂၀၂၀) အထိ ရက်နေ့တွင် အမှတ် (၆) ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့ရှိ ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ တိကျစွာတိုင်းတာခြင်းနည်းပညာသိပ္ပံ(မြန်မာ)တွင်ပြုလုပ်ကျင်းပခဲ့ပါသည်။
အဆိုပါသင်တန်းကို PTB (Germany) ၏ အကူအညီဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး၊ PTB မှ ကျွမ်းကျင်ပညာရှင် Mr. Bunjob Suktat က သင်ကြားပို့ချကာ၊ သုတေသနနှင့်တီထွင် ဆန်းသစ်မှု ဦးစီးဌာန၊ တိကျစွာတိုင်းတာခြင်းနည်းပညာသိပ္ပံ (မြန်မာ)၊ အမျိုးသားဓာတ်ခွဲခန်းနှင့် ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာနတို့မှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။