National Standards and Quality Department

စံချိန်စံညွှန်းဆိုင်ရာသတင်းအချက်အလက်စာကြည့်တိုက်

စံချိန်စံညွှန်းဖွံ့ဖြိုးတိုးတက်ရေးဌာနရှိ စံချိန်စံညွှန်းစာကြည့်တိုက်သည် အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများ၊ အခြားစံချိန်စံညွှန်းများ ထိန်းသိမ်းထားပြီး ၎င်းစံချိန်စံညွှန်းများနှင်‌့ပတ်သက်သည့် သတင်း အချက်အလက်များကို အစိုးရဌာနများနှင်‌့ ပုဂ္ဂလိက ကဏ္ဍများသို့ ဖြန့်ဝေပေးခြင်းကို ဆောင်ရွက်ပါသည်။

ဌာနတွင် အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းများ၊ အပြည်ပြည်ဆိုင်ရာလျှပ်စစ်နည်းပညာကော်မရှင် စံချိန်စံညွှန်းများ၊ ဗြိတိသျှစံချိန်စံညွှန်းများ၊ အိန္ဒိယစံချိန်စံညွှန်းများ၊ဂျာမန် စံချိန်စံညွှန်းများ၊ ဂျပန် စံချိန်စံညွှန်းများ၊ မလေးရှားစံချိန်စံညွှန်းများ နှင်‌့ အမေရိကန်စံချိန်စံညွှန်းများအား ရုံးချိန်အတွင်း လာရောက် လေ့လာနိုင်ရန် ထိန်းသိမ်းထားရှိပါသည်။ စံချိန်စံညွှန်းစာကြည့်တိုက၏ စာရင်းအင်းအရ ဗြိတိသျှ စံချိန်စံညွှန်းများ၊ အိန္ဒိယစံချိန်စံညွှန်းများ နှင်‌့ အမေရိကန်စံချိန်စံညွှန်းများသည် ကျယ်ပြန့်စွာအသုံးပြု ကြောင်းတွေ့ရှိရပါသည်။

© Copyright by Myanmar Standard. All right Standard. Designed by World Wide Myanmar